လူထုလှုပ်ရှားမှုများနဲ့ သူ

ကချင်ငြိမ်းချမ်းရေးနှင့်ပက်သက်သောလှုပ်ရှားမှုတွေပြုလုပ်ခဲ့တဲ့ ပြုလုပ်နေဆဲဖြစ်တဲ့ ဆရာမ နမ်ပူနှင့်လှုပ်ရှားမှုအကြောင်း ဆွေးနွေးခြင်း ဆရာမနန်ပူကတော့ ကချင်ပြည်နယ်တနိုင်းမြို့ဇာတိဖြစ်ပြီး လက်ရှိ မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်မှာ နေထိုင်နေပါတယ်။ လက်ရှိမှာတော့ တွယ်ဂျန်ဒါဖောင်ဒေးရှင်း(Htoi Gender and Development Foundation)ရဲ့ ဒါရိုက်တာအဖြစ်လုပ်ကိုင်နေပြီး တခြားသော အမျိုးသမီးရေး၊ ဂျန်ဒါနှင့် ငြိမ်းချမ်းရေးနှင့်ပတ်သတ်သော အဖွဲ့အစည်းများနှင့် ယင်းတို့နှင့်ပတ်သတ်သောလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်လျှက်ရှိပါတယ်။ မေး။ ဆရာမအနေနဲ့ ဘယ်လိုလှုပ်ရှားမှုတွေကို ဆောင်ရွက်နေပါသလဲ။ ဖြေ။။ အခုကျွန်မတို့လုပ်တာကတော့ ကချင်ပြည်နယ်ငြိမ်းချမ်းရေးနဲ့ပတ်သတ်တာ. စစ်ပွဲတွေရပ်ဖို့အရေးတွေ။ ပိတ်မိပြည်သူလွတ်မြောက်ရေးနဲ့ပတ်သတ်တာတွေအတွက် အခုလောလောဆယ်တော့ လုပ်နေပါတယ်။ များသောအားဖြင့်ကတော့ အမျိုးသမီးအခွင့်အရေးနဲ့ဆိုင်တာ၊ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုနဲ့ဆိုင်တာ ပြီးတော့ ပဋိပက္ခဒေသတွင်းက အမျိုးသမီးတွေရဲ့ အရေးကိစ္စတွေကို ပြောတာတွေ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာပါဝင်ဖို့လည်းဖြစ်မယ်။ ပဋိပက္ခတွင်းမှာ အမျိုးသမီးအကြမ်းဖက်ခံရတာတွေကို တရားမျှတမှုရအောင်လုပ်ဆောင်တဲ့နေရာတွေမှာလည်းဖြစ်မယ်။ ပြီးတော့ ပဋိပက္ခကြောင့် စစ်ဘေးဒုက္ခသည်စခန်းကိုရောက်သွားတဲ့အမျိုးသမီးတွေရဲ့လိုအပ်ချက်တွေနဲ့ သူတို့ရဲ့အခွင့်အရေးဆုံးရှုံးမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေတွေကို တရားမျှတမှုရအောင် လုပ်ဆောင်ပေးတဲ့ကဏ္ဍတွေမှာလည်း … Continue reading လူထုလှုပ်ရှားမှုများနဲ့ သူ

လရိပ်ပိုးမျှင်ဖန်တီးသူ သော်တာအေးလဲ့ နှင့်တွေ့ဆုံခြင်း

ဒီတလ အတွက် ရွေးထားတဲ့ အကြောင်းအရာက စာပေ ဖြစ်တာကြောင့် စာရေးဆရာမ သော်တာအေးလဲ့ကို အင်တာဗျူး ဖြစ်ပါတယ်။ ဆရာမ သော်တာအေးလဲ က လရိပ်မိုးမျှင် ၀တ္တုအရှည်နဲ့ ပရိသတ်သိလာသူ ဖြစ်ပါတယ်။ဲ့ ၀တ္ထုတို တွေ ကြိုကြား ရေးပြီး အရေးကောင်းသူလဲ ဖြစ်ပါတယ်။လရိပ်ပိုးမျှင် ၀တ္တုရှည်ထဲမှာ လူသားဆန်တဲ့ အော်ရီဂျင်နယ်ဆန်တဲ့ ဇာတ်ကောင်ရှယ်လီရဲ့ဇာတ်ကောင်တည်ဆောက်ပုံ ကိုလဲ ကျမ တော်တော် နှစ်ခြိုက်မိတယ်။ ဆရာမ အေးလဲ့ က ဂျန်ဒါဘာသာရပ်နဲ့လဲ ကျောင်းပြီးသူဖြစ်လို့ အကယ်ဒမစ်လောက မှာလဲ လက်ရှိ သုသေသနတွေ လုပ်နေသူလဲဖြစ်တဲ့ အတွက် ဖမေးနစ်အမြင် ဂျန်ဒါ အမြင်လဲ အားကောင်းသလို စာပေ ဖက်မှာလဲသူ့ရဲ့ ရှုထောင့်တွေ ဟာ ကြားနေကျစကားမျိုးတွေမဟုတ်ပဲ တမျိုး ဆန်းသစ်နေတယ်။ စာပေကို လူမှုဓလေ့ထဲထည့်ပြီး … Continue reading လရိပ်ပိုးမျှင်ဖန်တီးသူ သော်တာအေးလဲ့ နှင့်တွေ့ဆုံခြင်း

အိုင်းဒီး (သို့) ကျွန်မဟာ ကဗျာပဲ မငိုပါနဲ့

ဇွန်လရဲ့ Contemporary Art (ခေတ်ပြိုင်အနုပညာ)ကဏ္ဍအတွက် ဖော်ပြပေးမယ့်သူကတော့ အိုင်းဒီးပဲ ဖြစ်ပါတယ် ။ ........................................................... အိုင်းဒီးရဲ့ နာမည်ရင်းကတော့ အန်နာဗျက်(ခ်)ထမွေးပါ။ အိုင်းဒီးနာမည်နဲ့ စာတွေရေးပြီး အလုပ်တွေလုပ်တယ်။ အိုင်းဒီးကို ၁၉၉၀ ခုနှစ်တွင် ချင်းပြည်နယ် ဟားခါးမြို့တွင်မွေးဖွားခဲ့ပြီး မူလတန်းတွင် ရန်ကုန်သို့ပြောင်းရွေ့လာခဲ့ပြီး ရန်ကုန်တွင် ကြီးပြင်းခဲ့သူဖြစ်တယ်။ လက်ရှိမှာတော့ အိုင်းဒီးရက်ကန်းအိမ် လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်း “ Aidii weaving house” ကို ၂၀၁၄ ခုနှစ်က စတင်ထူထောင်ကာ ရက်ကန်းလုပ်ငန်းဖြစ်တဲ့ ဂျက်ခုတ်ဖြင့် ချင်းရိုးရာအထည်များကို ထုတ်လုပ်ခြင်းလုပ်ငန်းတွေကို ဟားခါးမြို့မှာ လုပ်ကိုင်နေတယ်လို့လည်း သိရပါတယ်။ ငယ်စဉ်ကထဲက စာဖတ်ခြင်းကို ဝါသနာပါပြီး ဝတ္ထုတို၊ ရသစာပေများကို အဖတ်များပြီး ပထမနှစ်ကျောင်းစတက်ချိန်တွင် ဘုရားကျောင်းက ကဗျာဆရာမိတ်ဆွေတချို့နှင့်စတင်သိကျွမ်းခဲ့ရာမှ ကဗျာများနှင့်ရင်းနှီးလာခဲ့တယ်လို့ သူမရဲ့အပြောအရ သိရပါတယ်။ … Continue reading အိုင်းဒီး (သို့) ကျွန်မဟာ ကဗျာပဲ မငိုပါနဲ့

ရန်ကုန်တက္ကသိုလ်ထဲက လွတ်လပ်မှုပျောက်ဆုံးနေပြီလား

စာသင်ခန်းတွေဟာ တကယ်ပဲ ကျမတို့လူဘောင်ကို ပိုနေလို့ထိုင်လို့ကောင်းတဲ့ လူလူချင်းဖိနှိပ်မှုတွေက နေလွတ်လပ်ပြီး သာယာတဲ့နေရာကို ဖန်တီးပေးဖို့ ဖြစ်နိုင်တဲ့နေရာတွေဆိုတာမျိုး ဖမေးနစ်စာရေးဆရာမ ဘဲဟွပ်ကပြောခဲသည်။ သူကိုယ်တိုင်က ပညာရေးကို လူသားတွေ အတွက်လွတ်လပ်မှုပေးနိုင်တဲ့အရာမျိုးလိုလက်တွေ့ကျင့်သုံးနေပါသည်။။ တချို့နေရာတွေမှာတော့ ပညာရေးဟာ လူတွေကို အကျဉ်းထောင်တွေလို ပုံစံပေးတဲ့နေရာ။ ဖိနှိပ်တာ ဟာ ကျောင်းသူ ကျောင်းသားတွေရဲ့ အကျိုးအတွက်လို့ တကယ်ပဲယုံယုံကြည်ကြည့်လုပ်နေတဲ့နေရာတွေဖြစ်နေပြန်၏။ စာသင်ခန်းတွေ သာမက စာသင်ခန်းတွေရှိတဲံ ပညာဆည်းပူးရာ ရပ်ဝန်းဟာ ကိုယ့်တာဝန်ကိုယ်ယူနိုင်တဲ့ အရွယ်ရောက်တဲ့ လူသားတွေ ဘ၀တာဝန်တွေ မထမ်းဆောင်ခင်မှာ အစွမ်းကုန် လေ့လာစူးစမ်းသင်ယူပြီး စိတ်ကို ဖွင့်နိုင်သမျှဖွင့်ထားခြင်းကို တတ်နိုင်သမျှဘာကမှ အတားအဆီးမရှိစေအပ်တဲ့နေရာပါ။ ယနေ့ခေတ်မှာ ပြန်လည်ဖွင့်လှစ်ခဲ့တဲံ ရန်ကုန်တ္ကသိုလ်ဟာ ကျွန်မတို့ရှေ့က မျိုးဆက်နှစ်ဆက်လောက် စိတ်ကူးယဉ်အိမ်မက်လောက်ပဲမက်ခွင့်ရှိလိုက်တဲံနေရာပါ။အခွင့်အလမ်းတွေ နဲ့ နိုင်ငံတကာ ဆရာမ ဆရာတွေ ကျောင်းသားကျောင်းသူတွေနဲ့ လဲ မြန်မာနိုင်ငံရန်ကုန် … Continue reading ရန်ကုန်တက္ကသိုလ်ထဲက လွတ်လပ်မှုပျောက်ဆုံးနေပြီလား

ကဗျာ (သို့) မယ်ယွေး

“ ကဗျာက ကိုယ့်အတွက်တော့ ယုံကြည်မှုလို့ထင်တယ်။ အဲ့ဒီဟာကို မရေးရတာကြာလာရင် မဖန်တီးနိုင်တာကြာလာရင်၊ ဒါမှမဟုတ် ကိုယ့်ကို အားရစေမယ့် ကဗျာတစ်ပုဒ်ကို မဖတ်ဖြစ်တာကြာလာလို့ရှိရင် စိတ်ဓာတ်ကျလာတာမျိုး ၊ ယုံကြည်မှုပျောက်ဆုံးလာတာမျိုးဖြစ်တယ်။ ဒါပေမယ့် ကဗျာတစ်ပုဒ်ရေးပြီးတဲ့အခါမျိုးမှာဖြစ်ဖြစ် ၊ သူများရေးထားတဲ့ကဗျာတစ်ပုဒ်ကို ကိုယ်ကအားရဝမ်းသာစွာ ဖတ်ပြီးသွားတဲ့အခါမျိုးမှာ ဖြစ်ဖြစ် ယုံကြည်မှုရှိလာပြီး ကျေနပ်အားရတယ်လို့ ထင်တာပဲ ” မယ်ယွေး -------------------------------------------------------------------- ဒီတစ်လ ကျွန်မတို့ရိမ်းဖောရဲ့ ခေတ်ပြိုင်အနုပညာကဏ္ဍ( contemporary art) အတွက် ခေတ်ပြိုင်ကဗျာလောကမှာ ထိပ်တန်းကဗျာဆရာမတစ်ဦးအဖြစ် ကျော်ကြားနေတဲ့ မယ်ယွေး(သို့) ရည်ရွယ်ယွေးရဲ့ အကြောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ သူမဟာ ကဗျာဆရာဇေယျာလင်း သြဇာလွှမ်းတဲ့ ခေတ်ပြိုင်ဘာသာစကားပြု ကဗျာအမျိုးအစားတွေကို ဆက်ခံရေးသားနေတဲ့ ယနေ့အထင်ကရ အမျိုးသမီးကဗျာရေးသူများအနက်မှ တစ်ဦးလည်းဖြစ်ပါတယ်။ ကဗျာဆရာမ မယ်ယွေးကို ၁၉၉၁ ခုနှစ်မှာ မြန်မာနိုင်ငံ … Continue reading ကဗျာ (သို့) မယ်ယွေး

ဖြူစင်ခြင်း မဖြူစင်ခြင်းဆိုတာ ဘာနဲ့တိုင်းတာမလဲ၊ ဘယ်လိုတိုင်းတာမလဲ မေးခွန်းထုတ်ရမည့် ရွှေကြာ

ဒီလအတွက်ရုပ်ရှင်ဇာတ်လမ်းကိုဖီးမေးနစ်ရှုထောင့်မှသုံးသပ်သော ဆောင်းပါးအတွက် ငွေသော်တာရုပ်ရှင်ထုတ်လုပ်ရေးက ရုံတင်ပြသနေသည့် ဒါရိုက်တာဝိုင်း(own creation)ရဲ့ ရွှေကြာဆိုတဲ့ရုပ်ရှင်ကားကြီးကိုရွေးချယ်ထားပါတယ်။ ထိုဇာတ်ကားကြီးကို ရန်ကုန်မြို့နှင့် မြန်မာတစ်နိုင်ငံလုံးရှိ အခြားသောမြို့ကြီးများမှာ မတ်လ ၁၆ရက်ထဲက စတင်ပြသနေပြီဖြစ်ပါတယ်။ Photo Credit: ရွှေကြာ Official facebook page   ဇာတ်လမ်းအကျဉ်း ———————— ဒီဇာတ်ကားကတော့ ငယ်ဘဝကြီးမားတဲ့စိတ်ဒဏ်ရာတွေနဲ့ ဘဝပေးအခြေအနေဆိုးရွားမှုတွေကြောင့် လိင်အလုပ်သမဖြစ်လာတဲ့ ရွှေကြာဆိုတဲ့ အမျိုးသမီးတစ်ဦးအကြောင်းကို အဓိကထားပြသထားခြင်းဖြစ်ပြီး လိင်အလုပ်သမဖြစ်ခြင်းကြောင်း ဥပဒေကြောင်းအရအပြင် အခြားသောအကြောင်းအရာအမျိုးမျိုးဖြင့် ခွဲခြားဆက်ဆံခံရပုံတို့ကို ပြသထားပြီး လိင်အလုပ်သမများကို နှိမ်ချဆက်ဆံခြင်းမပြုလုပ်ရန် နှင့် သူတို့ကိုအကာကွယ်ပေးနိုင်မယ့်ဥပဒေပေါ်လာဖို့ တွန်းအားပေးတဲ့သဘောနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ပညာပေးဇာတ်ကား ဆန်ဆန်အဖြစ်ရည်ရွယ်တယ်လို့ ထင်မြင်မိပါတယ်။ ဇာတ်ကောင်များ ——————- ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်အနေ လိင်အလုပ်သမ ရွှေကြာအဖြစ် ဖွေးဖွေး ၊ ငယ်စဉ်ကထဲက ရုပ်ရှင်ရိုက်ကူးခြင်းကို ဝါသနာပါပြီး အရွယ်ရောက်စဉ်မှာ … Continue reading ဖြူစင်ခြင်း မဖြူစင်ခြင်းဆိုတာ ဘာနဲ့တိုင်းတာမလဲ၊ ဘယ်လိုတိုင်းတာမလဲ မေးခွန်းထုတ်ရမည့် ရွှေကြာ

အောက်ခြေအလွှာတွင် စည်းရုံးခြင်း : အပြည်ပြည်ဆိုင်ရာအမျိုးသမီးသပိတ်

"နိုင်ငံအနှံ့အပြားက မြို့တွေမှာ လူထုစုစည်းမှုတွေဆိုတာထက် ပိုပါတယ်။ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများရဲ့သပိတ်မှာ ပိုကျယ်ပြန့်တဲ့နိုင်ငံရေးဦးတည်ချက်ရှိပါတယ်။ ဆိုရှယ်လစ်ဆိုတာ မသုံးကောင်းတဲ့စကားလုံးမဟုတ်တော့ဘူး၊ ကမ္ဘာ့တစ်ဝှမ်းက အမျိုးသမီးတွေ စုစည်းထကြွလာပြီ၊ ဒီတော့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးသပိတ်က ဦးတည်ချက်မှာ အရေးကြီးတဲ့အရေးကိစ္စတွေ ထည့်သွင်းလာပြီ။ လက်ဝဲရေး၊ အမျိုးသမီးလှုပ်ရှားမှု (အရင်းရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရက်တစ်ပါတီကို မမှီခိုတဲ့ အမျိုးသမီးလှုပ်ရှားမှု၊ နယ်ချဲ့ဝါဒ၊ လူမျိုးရေးမုန်းတီးမှုကို ဆန့်ကျင်တဲ့ အမျိုးသမီးလှုပ်ရှားမှုအားလုံးပါဝင်ပါတယ်) တို့အပြင် ကျွန်မတို့အခွင့်အရေးကို တောင်းယူနိုင်ဖို့ တိုက်ခိုက်ရေးနည်းဗျူဟာဖြစ်တဲ့ သပိတ်ပေါ့။ ဒီတောင်းဆိုမှုတွေအားလုံးက ကမ္ဘာနဲ့အဝှမ်း မိန်းမတွေရင်ဆိုင်နေရတဲ့ ဖိနှိပ်မှုကို စနစ်ပိုင်းဆိုင်ရာအထိ အတွင်းကျကျ ကိုင်တွယ်မယ့် လှုပ်ရှားမှုဆီ ဦးတည်သွားမှာဖြစ်ပါတယ်။ " မိန်းမတွေရင်ဆိုင်နေရတဲ့ ဖိနှိပ်မှုကို စနစ်ပိုင်းဆိုင်ရာအထိ အတွင်းကျကျ ကိုင်တွယ်မယ့် လှုပ်ရှားမှုတစ်ရပ်ကို ဖော်ဆောင်မယ်ဆိုရင် အရင်းရှင်စနစ်ကို ဆန့်ကျင်တဲ့၊ နယ်ချဲ့စနစ်ကို ဆန့်ကျင်တဲ့၊ အဖိနှိပ်ခံလူအားလုံးနဲ့ ရပ်တည်တဲ့ မဝါဒကို … Continue reading အောက်ခြေအလွှာတွင် စည်းရုံးခြင်း : အပြည်ပြည်ဆိုင်ရာအမျိုးသမီးသပိတ်

လူအချင်းချင်းပြုထားသော ကျွန်စနစ်ကိုတိုက်ဖျက်ခြင်းနှ င့် အမျိုးသမီးများနေ့

ဒီနေ့ခေတ်တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို တကမ္ဘာလုံးက ကျင်းပခဲ့ကြသည်မှာ နှစ်ပေါင်း (၁၀၀) ကျော်ရှိလေပြီ။ တစ်နှစ်တစ်ခါ Theme တစ်ခုစီ ကုလသမဂ္ဂအဖွဲ့က ဦးဆောင်ပြီး နိုင်ငံအများအပြားမှာ ကျင်းပကြသည်။ အမျိုးသမီးများအခွင့်အရေးအတွက်ဆိုပြီးတော့ သက်ဆိုင်ရာ နိုင်ငံတော်အဆင့်စီမံကိန်းများ၊ မူဝါဒများ၊ ဥပဒေများပြုကြသည်။ လိင်အပေါ်အခြေခံပြီးဖြစ်သော ခွဲခြားဆက်ဆံမှုများ၊ အကြမ်းဖက်မှုများအတွက်လဲ ဆိုင်ရာဆိုင်ရာ အစီအစဉ်များ၊ မူဝါဒများ စသည်တို့ကို အဆင့်မြင့်အရာရှိကြီးများနျှင့်သော်လည်းကောင်း၊ ဥပဒေပြုရေး ပြည်သူ့ကိုယ်စားလှယ်တော်များနှင့်သော်လည်းကောင်း၊ Gender အရေးကျွမ်းကျင်သူများနှင့်သော်လည်းကောင်း နိုင်ငံအလိုက်က ရေခံမြေခံပေါ်မူတည်ပြီး ကိုယ့်နည်းလမ်းများဖြင့် လုပ်ဆောင်ကြသည်။ သို့သော် ကျမတို့ မေးခွန်းတွေနဲနဲလောက်မေးကြည့်ရအောင်လား။ တကယ်ပဲ လူ့အခွင့်အရေးတွေအပြည့်အဝရကြပြီလား။ တကယ်ပဲ ၎င်းသူတို့လုပ်ဆောင်နေတဲ့ အစီအစဉ်တွေအတိုင်း၊ ဆောင်ပုဒ်တွေအတိုင်း၊ အတွေးအခေါ်တွေအတိုင်းလုပ်နေကြတဲ့ ကျား၊ မတန်းတူညီမျှမှုလို့ သူတို့လှုံ့ဆော်တိုက်တွန်းနေတာတွေဖြစ်ကြပြီလား။ တကယ်ပဲလူ့အဖွဲ့အစည်းတွေမှာ အမျိုးသမီးတွေကို လူသားတွေအဖြစ်လက်ခံအသိအမှတ်ပြု ဆက်ဆံနေကြပြီလား။ လိင်ပေါ်အခြေခံပြီး ဖြစ်တဲ့ ခွဲခြားဆက်ဆံမှုပေါင်းစုံ၊ ဖိနှိပ်ချုပ်ခြယ်မှုပေါင်းစုံ၊ အကြမ်းဖက်မှုပေါင်းစုံကိုမလုပ်ဖို့ လူသားပီပီ တားဆီးနိုင်ကြပြီလား။ ကျမရဲ့ … Continue reading လူအချင်းချင်းပြုထားသော ကျွန်စနစ်ကိုတိုက်ဖျက်ခြင်းနှ င့် အမျိုးသမီးများနေ့

မြန်မာ့လယ်ယာလုပ်ငန်းခွင်ထဲမှ ကျေးလက်အမျိုးသမီးခေါင်းဆောင်မှု

ကျေးလက်အမျိုးသမီးတွေရဲ့အခန်းကဏ္ဍဟာ မိသားစုကနေရပ်ရွာအထိ အဓိကနေရာကနေပါဝင်နေပါတယ်။ မိသားစုထဲမှာ အဓိကစီမံခန့်ခွဲသူတွေအဖြစ်ရှိနေသလို စီးပွားရေးမှာလည်းလယ်ထဲ၊ ယာထဲဆင်းပြီးအလုပ်လုပ်နေတဲ့ လယ်ယာလုပ်သား၊ လယ်သူမတွေဖြစ်တဲ့အပြင် ရပ်ရေးရွာရေးမှာ တိုက်ရိုက်ပါဝင်နေတဲ့သူတွေလည်း ရှိကြပြီးလုပ်ဆောင်နေတဲ့ ခင်ပွန်းတွေ၊ ဖခင်တွေရဲ့နောက်မှာ အကြံဥာဏ်ပေးသူတွေအဖြစ်ရှိနေကြပါတယ်။ သို့ပေမဲ့လည်း သူတို့ရဲ့ခေါင်းဆောင်မှုကိုတော့ အသိအမှတ်ပြုခြင်းမခံရပါဘူး။ကျေးလက်ဒေသတွေမှာအမျိုးသမီးခေါင်းဆောင်တွေရှိကြပေမဲ့ လက်ချိုးရေတွက်လို့ရတဲ့ အနေအထားပါ။ အရည်အချင်းထက်မြက်တဲ့ ကျွန်မတို့ရဲ့ ကျေးလက်အမျိုးသမီးတွေဟာလူမှုရေး၊ ယဉ်ကျေးမှုကိုအခြေခံပြီးတည်ဆောက်ထားတဲ့ စနစ်တွေကသူတို့အတွက် အတားအဆီးတွေဖြစ်နေကာလူ့စွမ်းအားအရင်းအမြစ်အဖြစ် ရှုမြင်ခြင်းမခံရဘဲဘေးဖယ်ထုတ်ခံနေရသလို ဖြစ်နေပါတယ်။ အထွေထွေဗဟုသုတအပြင် ဘဏ်ချေးငွေနဲ့ မြေယာလုပ်ကိုင်ခွင့်၊ ဆက်ခံနိုင်ခွင့်တွေမှာလည်းဥပဒေဆိုင်ရာအခွင့်အလမ်း၊ အခွင့်အရေးတွေကိုသိရှိနားလည်နိုင်မယ့် အရင်းအမြစ်တွေမရှိသလောက်ပါဘဲ။ ကျေးလက်နေအမျိုးသမီးများဟာထွန်ယက် စိုက်ပျိုးခြင်းနဲ့ အဓိကဝင်ငွေရှာဖွေရလို့ မြေယာလုပ်ပိုင်ခွင့်၊ စိုက်ပျိုးရေးစရိတ်ချေးငွေရရှိမှုနဲ့ မြေယာနဲ့ပတ်သက် တဲ့ ဆုံးဖြတ်ချက်ချပိုင်ခွင့်တွေရရှိဖို့ အရေးကြီးပါတယ်။ မြေယာအငြင်းပွားမှုတွေအပြင် အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့မြေသိမ်းမှုတွေ၊ ခရိုနီတွေနဲ့တရုတ်လုပ်ငန်းရှင်တွေနဲ့မြေယာအငှားကိစ္စတွေဟာ မြန်မာတနိုင်ငံလုံးမှာ ဖြစ်ပွားလျက်ရှိနေပါတယ်။ ကျေးလက်အမျိုးသမီးတွေအပေါ်မြေယာပဋိပက္ခတွေတင်မကရိုးရာဓလေ့ထုံးတမ်းဥပဒေတွေ မြေယာပိုင်ဆိုင်ခွင့်တွေပါ အကျိုးသက်ရောက်မှုတွေရှိနေပါတယ်။ ကျေးလက်မှာရှိတဲ့ လယ်ထဲ၊ … Continue reading မြန်မာ့လယ်ယာလုပ်ငန်းခွင်ထဲမှ ကျေးလက်အမျိုးသမီးခေါင်းဆောင်မှု

ကြီးလေးကြီး နှင့် အကြမ်းဖက်မှု

ကြီးလေးကြီး ရုပ်ရှင်ဇာတ်ကားကြီးကို ဇန်နဝါရီလ ၁၉ ရက်နေ့ကစပြီးတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံကြီး ၆၄ ရုံမှာ ပြသနေတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို ချင်းတွင်းတာရာရဲ့ဇာတ်ညွှန်းကို ဇာတ်လမ်း၊ ရိုက်ကွင်းဇာတ်ညွှန်းနှင့် ဒါရိုက်တာ ပြည်ဟိန်းသီဟ က ပုံဖော်ရိုက်ကူးထားပြီး လူမင်း၊ ခန့်စည်သူ ၊ အိဒြာကျော်ဇင်၊ ခိုင်သင်းကြည် တို့ကဦးဆောင်ပြီး အခြားသော ဟာသသရုပ်ဆောင်တွေက ဝိုင်းဝန်းပံ့ပိုးသရုပ်ဆောင်ထားတဲ့ ဟာသကားတစ်ကားပဲဖြစ်ပါတယ် ။ ဇာတ်လမ်းကမြန်မာဟာသဇာတ်ကားပါပဲ ။ ကျေးရွာတစ်ရွာမှာ အခြေခံထားပြီး အဓိက စုံတွဲနှစ်တွဲရဲ့ အလွဲတွေကိုဟာသအနေနဲ့ ရိုက်ကူးထားတာပါ ။ အဓိကဇာတ်ကောင် လေးယောက်နဲ့ အရံ စုစုပေါင်း လူအယောက် ၂၀လောက်နဲ့ နှစ်နာရီနီးပါး ရုပ်ရှင်ဇာတ်ကားတစ်ခုပါပဲ ။ လူပျိုကြီးနှစ်ယောက်ဖြစ်တဲ့ ရွာရဲ့အုပ်ချုပ်ရေးမှူး အုပ်ကြီး(လူမင်း)နဲ့ ကပ်စေးနဲလူပျိုကြီး ကိုမောင်ကြီး(ခန့်စည်သူ)တို့က ရွာရဲ့အပျိုကြီးနှစ်ယောက်ဖြစ်တဲ့ အပေါင်ဆိုင်ဖွင့်ထားတဲ့ အိဒြာကျော်ဇင်(တင်တင်ကြီး)နဲ့ … Continue reading ကြီးလေးကြီး နှင့် အကြမ်းဖက်မှု