အသိအမြင်နိုးထလာခြင်းမှသည် ဖမေးနစ်လှုပ်ရှားမှုများဆီသို့

လှုပ်ရှားမှုဆိုတာဘာလဲ Movement ကိုလှုပ်ရှားမှုလို့မြန်မာလို ဘာသာပြန်ကြမယ် ထင်ပါတယ်။ ဒီနေရာမှာ ပြောချင်တဲ့ လှုပ်ရှားမှုဆိုတာ နိုင်ငံရေး၊ လူမှုရေးစတဲ့လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လူသားချင်း တန်းတူသော လွတ်လပ်မှု၊ မတရားဖိနှိပ်မှုတွေကို ရပ်တန့်ဖို့ ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာဖို့စတဲ့ အပြောင်းအလဲတွေဖြစ်ဖြစ် ရှိရင်းစွဲအခြေအနေကို ထိန်းချင်လို့ပဲဖြစ်ဖြစ် ( ဥပမာ - ရေကာတာ ဆောက်တာကို ကန့်ကွက်တာမျိုး) စတဲ့ ရည်ရွယ်ချက်တူတဲ့လူတွေ စုပေါင်းပြီး ကန်ပိန်း လုပ်တာဖြစ်ဖြစ်၊ လမ်းပေါ်ထွက်ပြီး တောင်းဆိုတာပဲဖြစ်ဖြစ်၊ လူထုလက်မှတ်တွေ ရယူတာပဲ ဖြစ်ဖြစ် အချိန်တစ်ခုအတွင်းမှာ မိမိတို့ရည်ရွယ်ချက်ရောက်အောင် လုပ်ဆောင်ကြတာဖြစ် တယ်လို့ ဆိုလိုပါတယ်။ ဥပမာ အလုပ်ခွင်မှာ သန့်ရှင်းတဲ့ အခမဲ့သောက်ရေသန့်လို အခြေခံ လိုအပ်ချက်တွေကို စက်ရုံတွင်းလုပ်သားတွေ စုပေါင်းတောင်းဆိုတာကနေ တစ်နိုင်ငံလုံးက အလုပ်သမားတွေမှာ လုပ်ခလစာကို လူနဲ့တူအောင်ရရှိရေးအတွက် အစိုးရအပါအဝင် … Continue reading အသိအမြင်နိုးထလာခြင်းမှသည် ဖမေးနစ်လှုပ်ရှားမှုများဆီသို့

ဖမေးနစ်နိုင်ငံရေး

အလွယ်အရှင်းဆုံးဆိုရင် ဖမေးနစ်ဇင်ဆိုတာ လိင်အခြေပြုခွဲခြားမှု လိင်အခြေပြု အမြတ်ထုတ်မှုနဲ့ ဖိနှိပ်မှုတွေကို အဆုံးသတ်မယ့်လှုပ်ရှားမှုပါပဲ။ ဒါဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က ကျွန်မရေးခဲ့တဲ့ “ဖမေးနစ်သီအိုရီ အစွန်အဖျားမှဗဟိုသို့” မှာ ပါခဲ့တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ပါပဲ။ အဲဒီတုန်းက ဒါကို လူတိုင်းအသုံးပြုမယ့် အဓိပ္ပါယ် ဖွင့်ဆိုချက်ဖြစ်လာဖို့ ကျွန်မမျော်လင့် ခဲ့ပါတယ်။ ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကျွန်မကြိုက်ပါတယ် ဘာလို့လဲဆိုတော့ ယောက်ျားတွေဟာ ရန်သူတွေလို့ ကောက်ယူ စရာဘာမှမပါလို့ပါ။ လိင်အခြေပြုခွဲခြားမှုကို ပြသနာလို့သတ်မှတ်ဖော်ထုတ်လိုက်တဲ့အတွက် အကြောင်းအရာရဲ့ ဗဟိုချက်ဆီကို တန်းရောက်သွားပါတယ်။ လက်တွေ့ကျ ကျပြောရရင် ဒီဖွင့်ဆိုချက်အရ လိင်ခွဲခြားတဲ့့ အတွေးတွေကစလို့ လုပ်ရပ်အားလုံးဟာ ပြသနာလို့ အဓိပ္ပါယ်ပေါက်ပါတယ်။ ဒီလို အတွေး လုပ်ရပ်တွေ ခိုင်မာဖို့အတွက် ဘယ်သူပဲလုပ်လုပ် ခွဲခြားနေစရာမရှိပါဘူး။ ဒါတွေကို လုပ်နေတာ ယောက်ျား သာမက မိန်းမတွေ … Continue reading ဖမေးနစ်နိုင်ငံရေး

#ဆူဒန်အုံကြွမှုကို ကြံ့ခိုင်တဲ့အမျိုးသမီးတွေက ဦးဆောင်နေတယ်ဆိုတာ ဒီဗီဒီယိုတွေက သက်သေတွေပါပဲ

ဆန္ဒပြပွဲတွေကို ဦးဆောင်နေတဲ့ ဆူဒန်အမျိုးသမီးတွေရဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေဟာ  လူအများကြား ပျံ့နှံ့ သွားပြီး "စံထားစရာ" လို့ မှတ်ချက်ပေးခံခဲ့ရပါတယ်။ ဆူဒန်နိုင်ငံအဝှမ်းမှာ ဆန္ဒပြမှုတွေက ဆက်လက်ဖြစ်ပွားနေပြီး နှစ် ၃၀ ကြာ အာဏာယူထားတဲ့ သမ္မတ အိုမာအယ်ဘာရှားကို ဖြုတ်ချဖို့ လှုပ်ရှားနေကြပါတယ်။ ဘီဘီစီ အာဖရိကရဲ့သတင်းအရ ဆန္ဒပြသူတွေဟာ မြို့တော်ခါတုံမှာရှိတဲ့ စစ်ဌာနချုပ်တွေရဲ့ရှေ့မှာ သုံးညတာစခန်းချ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေကို လူစုခွဲဖို့ နိုင်ငံလုံးဆိုင်ရာစစ်ရေးနဲ့လုံခြုံရေးအကယ်ဒမီ(NISS)က "မျက်ရည်ယိုဗုံးတွေ၊ ကျည်ဆံတွေ" ကို သုံးနိုင်ခြေရှိနေပါတယ်။ ဆန္ဒပြသူတွေကို NISS ရဲ့ရန်ကနေ ကာကွယ်ပေးဖို့ စစ်သားတွေချီတက်လာနေတယ်ဆိုတဲ့သတင်းတွေလည်း ထွက်နေပါတယ်။ ဆန္ဒပြသူ ခုနစ်ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရကာ စစ်တပ်ဘက်က ၄၂ ဦး ထိခိုက်ဒဏ်ရရခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး ဘီရှာရာဂျမ်မားက ပြောဆိုခဲ့ပါတယ်။ … Continue reading #ဆူဒန်အုံကြွမှုကို ကြံ့ခိုင်တဲ့အမျိုးသမီးတွေက ဦးဆောင်နေတယ်ဆိုတာ ဒီဗီဒီယိုတွေက သက်သေတွေပါပဲ

လုပ်ခမရ သော အိမ်တွင်းမှုအလုပ် များနှင့် ကိုယ်ယောင်ဖျောက်ခံရ သော အမျိုးသမီးများရဲ့ လုပ်အား

Aishwarya Javalgekar ၏ Domestic Labour And The Invisibilisation Of Women’s Work ဆောင်းပါးအား မြန်မာဘာသာသို့ပြန်ဆိုသည်။ အဖိုကြီးစိုးတဲ့အိန္ဒိယလူ့အဖွဲ့အစည်းမှာ ဂျန်ဒါမညီမျှမှုဟာ လူမှုအရေးကိစ္စတစ်ခုတင်မဟုတ်ဘဲ စီးပွားရေးဖြစ်ရှိတရားလည်း ဖြစ်နေပါတယ်။ အိန္ဒိယဟာ ကမ္ဘာမှာ ကျား-မ လုပ်ခလစာကွာဟမှု အများဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ၂၀၁၆ ခုနှစ်မှာဆို အမျိုးသမီးတွေက အမျိုးသားတွေထက် ၂၅% နည်းပါးစွာရရှိနေပါတယ်။ အမျိုးသားကြီးစိုးတဲ့လုပ်ငန်းခွင်နယ်ပယ်တွေမှာ အမျိုးသမီးတွေဟာ ပေထရီအာခီစနစ်ရဲ့စံနှုန်းတွေပြည့်မီကြောင်း သက်သေမပြနိုင်သရွေ့ စနစ်ကျကျ ဘေးဖယ်ထုတ်ထားခံနေရပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေဟာ အသိအမှတ်ပြုမှုရော လုပ်ခလစာပါ မရရှိတဲ့ အလုပ်ဝန်ပိုကိုလည်း ထမ်းရပါသေးတယ်။ ကုလသမဂ္ဂရဲ့အစီရင်ခံစာအရ အမျိုးသမီးတွေလုပ်တဲ့ အလုပ်ရဲ့ ၅၁% ဟာ လုပ်ခလစာမရတဲ့အပြင် တစ်နိုင်ငံလုံးရဲ့ထုတ်ကုန်ပမာဏနဲ့ အခြားစာရင်းအင်းအချက်အလက်တွေမှာလည်း ထည့်သွင်းခံရခြင်းမရှိပါဘူး။ လုပ်ခမရတဲ့လုပ်အားက အမျိုးသမီးတွေအပေါ်ပဲ သက်ရောက်တာမဟုတ်ပေမဲ့ … Continue reading လုပ်ခမရ သော အိမ်တွင်းမှုအလုပ် များနှင့် ကိုယ်ယောင်ဖျောက်ခံရ သော အမျိုးသမီးများရဲ့ လုပ်အား

မြန်မာပြည်က ဖန်းမနစ် (Feminists) တေအွတက်ွမေးခနွ်းများ နှင့် နိုင်ငံတကာအမျိုးသမီးများနေ့

နိုင်ငံတကာ အမျိုးသမီးများနေ့ကို ၁၉ ၀၀ ဝန်းကျင်လောက်ကတည်းက အမေရိကားနိုင်ငံမှာ စတင်ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ဒီနေ့ဆိုလျှင်တော့ ဆယ်စုနှစ်ပေါင်းများစွာရှိလာပါပြီ။ နှစ်စဉ်နှစ်တိုင်းဆောင်ပုဒ်တွေထုတ်၊ မတ်လ (၈) ရက်နေ့ ရောက်မှ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းရဲ့အခန်းကဏ္ဍ တွေတိုင်းမှာ အမျိုးသမီးတွေပါဝင်ရေး၊ ခေါင်းဆောင်မှုမြင့်မားရေး၊ ဘယ်လောက်ရာခိုင်နှုန်းကတော့ လွှတ်တော်နိုင်ငံရေးထဲရောက်ရေးစတာတွေပြောလာခဲ့ကြတာပါ။ တကမ္ဘာလုံးအတိုင်းအတာနဲ့ ကျမတို့ခဏလေး မျက်စိတွေ မှိတ်ပြီး စဉ်းစားကြည့်ရအောင်။ ကျမတို့ ပြောနေတဲ့ အမျိုးသမီးတွေဆိုတာ ဘယ်အမျိုးသမီးတွေကိုပြောနေတာလဲ။ ထိပ်ပိုင်းရေပေါ်ဆီအလွှာက အမျိုးသမီးတွေလား၊ ပေတရီအာခီစနစ်ထဲမှာပဲ ပါဝါအာဏာတွေနဲ့ ပျော်မွေ့  နေတဲ့ အမျိုးသမီးတွေလား၊ အဖွဲ့အစည်းကြီးတွေမှာ ရာထူးကြီးကြီးတွေယူထားကြတဲ့ အမျိုးသမီးတွေလား၊ ဘယ်အမျိုးသမီးတွေကိုပြောနေတာပါလဲ။ စစ်ဘေးသင့်စခန်းတွေမှာ နေထိုင်နေရတဲ့ တိုင်းရင်းသားအမျိုးသမီးတွေရောပါသလား၊ စက်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ အမျိုးသမီးတွေလေား၊ လိင်လုပ်သား အမျိုးသမီးတွေရောပါတာလား၊ သွားလာရခက်ခဲတဲ့ တောင်တန်းဒေသတွေက တောင်ယာလုပ်ကြတဲ့ အမျိုးသမီးတွေရောပါသလား၊ အဖိနှိပ်ခံရဆုံး၊ ဖယ်ထုတ်ကျဉ်ထားခြင်းအခံရဆုံး အခြေခံလူတန်းစား အမျိုးသမီးထုကြီးပါရဲ့လား။ မြန်မာပြည်လို နှစ်ပေါင်းခြောက်ဆယ်ကျော် အစစအရာရာ ယိုယငွ်းပျက်စီးနေတဲ့ လူ့အဖွဲ့အစည်းမှာ နိုင်ငံတကာအဖွဲ့အစည်းတွေက မြန်မာပြည်မှာတော့ ၁၆ရက်တာလှုပ်ရှားမှုရှိတယ်၊ အမှန်ခြစ်ကလေးခြစ်လိုက်၊ … Continue reading မြန်မာပြည်က ဖန်းမနစ် (Feminists) တေအွတက်ွမေးခနွ်းများ နှင့် နိုင်ငံတကာအမျိုးသမီးများနေ့

စစ်ဘေးဒုက္ခသည်အရေး ဦးဆောင်သူတွေ ပြန်လည်လွတ်မြောက်လာဖို့ ဆန္ဒပြခဲ့သူ ၃ ဦးကို ဒဏ်ငွေဆောင်ရန် အမိန့်ချ

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခံထားရတဲ့ ကချင်လူငယ်သုံးဦးကို ယနေ့ ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းက မြစ်ကြီးနားမြို့နယ်တရားရုံးမှာ စစ်ဆေးခဲ့ပြီး ဒဏ်ငွေပေးဆောင်ရန် အပြီးသတ် အမိန့်ချမှတ်ခဲ့တယ်လို့ တရားစွဲဆိုရာမှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ ဆွတ်ဆိုင်းထွယ်က ပြောပါတယ်။ ငြိမ်းစုစီဖြင့် တရားစွဲဆိုခံရသူသုံးဦးဖြစ်သည့် မ ဆွတ်ဆိုင်းထွယ်ကို ဒဏ်ငွေ ၁ သိန်း၊ ရှေ့နေ ဆိုင်းခွမ် နှင့် ဆရာဘရန်မိုင်တို့ကို  ဒဏ်ငွေကျပ်သုံးသောင်းစီပေးဆောင်ရန် အမိန့်ချမှတ်ခဲ့တယ်လို့ သူမကဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းကပိတ်မိပြည်သူများလွတ်မြောက်ရေးကို ဦးဆောင်လှုပ်ရှားခဲ့သော ဦးဆောင်သူ (၃) ဦးဖြစ်သည့် ဆရာမနန်ပူ၊ ဦးလွမ်းဇောင်း နှင့် ဦးဇော်ဂျတ်တို့ကို တပ်မတော်က ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုမှုများပြုလုပ်ခဲ့ပြီး ထောင်ဒဏ် (၆) လနှင့် ဒဏ်ငွေ (၅) … Continue reading စစ်ဘေးဒုက္ခသည်အရေး ဦးဆောင်သူတွေ ပြန်လည်လွတ်မြောက်လာဖို့ ဆန္ဒပြခဲ့သူ ၃ ဦးကို ဒဏ်ငွေဆောင်ရန် အမိန့်ချ

အသွေးအသားထဲက ဟစ်ဟော့ (သို့မဟုတ် ) T-zin Thazin Nyunt Aung

T-zin လို့အများသိတဲ့ အမျိုးသမီး Hip Hopper (သို့) သဇင်ညွှန့်အောင်ကတော့ ၁၉၈၃ ခုနှစ်တွင် ရန်ကုန်မှာ မွေးဖွားခဲ့ပြီး အဖေ ဗမာ ၊ အမေ ရခိုင်အပြင် အကိုတစ်ယောက် မောင်တစ်ယောက်တို့နဲ့အတူ ရန်ကုန်မှာပဲ လက်ရှိနေထိုင်လျှက်ရှိပါတယ်။ ဟစ်ဟော့ဂီတလောက ကို ၂၀၀၀ ကျော်မှာ ကျောင်းတက်နေရင်းနဲ့ စတင်လုပ်ကိုင်ရန်ကြိုးစားခဲ့ပြီး ကိုယ်တိုင်သီချင်းရေးခြင်း၊ သူငယ်ချင်းအဖွဲ့များနဲ့ စတူဒီယိုမှာ ကိုယ်ရေးတဲ့သီချင်းတွေကို အသံသွားသွင်းမှုတွေပြုလုပ်ပြီး သီချင်းတွေစတင်လုပ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ထို့နောက် ၂၀၀၂ ခုနှစ်မှာတစ်ယောက်တည်း လုပ်နေရာမှ အခြားတစ်ယောက်နဲ့တွေ့ပြီး YAK (Yangon Always Kingdom ) အဖွဲ့အနေနှင့်ဆက်သွားဖြစ်ပါတယ်လို့ သူမကဆိုပါတယ်။ “ ၂၀၀၄ ကနေ ၂၀၁၆ လောက်ထိ အဖွဲ့အနေနဲ့ ရပ်တည်ခဲ့တယ်။ နောက်ပိုင်းမှာတော့ Solo တစ်ကိုယ်တော်ပြန်စတင်ခဲ့တယ်။ … Continue reading အသွေးအသားထဲက ဟစ်ဟော့ (သို့မဟုတ် ) T-zin Thazin Nyunt Aung

အရှည်လျားဆုံး စစ်ပွဲများအတွက် ရဲရဲတောက် လောင်စာများ

၂၀၁၄ နိုဝင်ဘာလလောက်တုန်းက ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာပြည်မြောက် ဖျားမှာ လုပ်အားပေးဆရာမလေးနှစ်ဦးဟာ ရက်ရက်စက်စက်မုဒိမ်းကျင့်သတ်ဖြတ် တာခံခဲ့ရပါတယ်။ Eriksson Bazz နဲ့ Sterm က သူတို့ရေးတဲ့ “Why do soldiers rape?” (2009) ထဲမှာ “မုဒိမ်းဟာ စစ်လက်နက်ပါပဲ ဆိုတာလောက်ကတော့ ရိုးစင်းလွန်းပါတယ်” တဲ့။ Feron (2004) က မြန်မာအပါအ၀င် တချို့နိုင်ငံတွေမှာ ပြည်တွင်းစစ် ဘာကြောင့်ရှည် ကြာရလဲဆိုတော့ နှစ်ဖက်စလုံးက သဘာဝသယံဇာတနဲ့ ၀င်ငွေရနိုင်တဲ့ သူတို့ကို ဆက်လက်ရပ်တည်စေဖို့အတွက် အထောက်အပံ့စီးပွားရေးရှိလို့ပါလို့ သုံးသပ်ပါတယ်။ ဟုတ်ပါတယ်။ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေမှာ ကျောထောက်ခံ သယံဇာတစီးပွားရေးဝင်လမ်းရှိကြပါတယ်။ ဒါပေမဲ့ အဲဒီသယံဇတတွေလိုပဲ မြန်မာပြည် တွင်းစစ်ပွဲတွေအတွက် နောက်ထပ်လောင်စာပုံကြီး တစ်ပုံရှိပါသေးတယ်။ Hegemonic Masculinity လို့ခေါ်တဲ့ လွှမ်းမိုးချုပ်ကိုင်လိုသော … Continue reading အရှည်လျားဆုံး စစ်ပွဲများအတွက် ရဲရဲတောက် လောင်စာများ

ရဲဘော် မိဆူးပွင့်

" မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည် ဆောက်နိုင်မှ ပြည်တွင်းစစ် ရပ်နိုင်မယ်။ ဒီမိုကရေစီတည်ဆောက်နိုင်မယ်။ ဖွံ့ဖြိုးတိုးတက်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ပဲ WLB အတွင်းမှာ စည်းလုံးညီညွတ်မှုရရှိအောင်နဲ့ အမျိုးသမီးတွေရဲ့အသံကို နိုင်ငံ ရေးမှာ ပိုပြီးဖော်ထုတ်နိုင်ဖို့ဆိုတဲ့ကဏ္ဍတွေကို ထဲထဲဝင်ဝင်ကြိုးစားခဲ့ပါတယ်။ ပြီးတော့ နိုင်ငံရေးအဖွဲ့ အစည်းတွေမှာ လူငယ်တွေကို နေရာပေးမှုတွေ အားနည်းတာ၊ ဒီခေါင်းဆောင်ကြီးတွေ အသက် အရွယ် ဘယ်လောက်ကြီးကြီး သူတို့နေရာမှာ လူစားထိုးဖို့ နောက်ထပ်ခေါင်းဆောင်သစ်တွေ၊ မျိုး ဆက်သစ်တွေ ရှိမနေတာကို သတိထားမိပြီး ကိုယ်လုပ်လို့ရတဲ့အဖွဲ့အစည်းတွေမှာ လူငယ်တွေကို နေရာပေးနိုင်တဲ့ မူဝါဒတွေ၊ အစီအစဉ်တွေ လုပ်လို့ရသလောက် လုပ်ဆောင်ခဲ့ပါတယ်။ အဓိက အာရုံစိုက်ထားတာကတော့ တိုင်းရင်းသားအရေး ပြီးတော့ အမျိုးသမီး/ လူငယ်အရေးတွေပေါ့။ တိုင်း ရင်းသားတွေအနေနဲ့ သမိုင်းကြောင်းအရ မကျေလည်ခဲ့တဲ့ အရင်းခံအကြောင်းရင်းတွေကို နားလည် လက်ခံပြီး … Continue reading ရဲဘော် မိဆူးပွင့်

Angel Vs. Whore သတ်မှတ်ခံရမှု (သို့) အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ဖို့ အတင်းအဓမ္မတာဝန်ပေးအပ်ခြင်းခံရတဲ့ မြန်မာအမျိုးသမီးထုအတွက် တရားမျှတမှုက ဘယ်မှာလဲ။

လတ်တလော လူမှုကွန်ရက်မှာနာမည်ကြီးနေတဲ့ရုပ်ရှင်ဇာတ်ကားတစ်ကားအပေါ် ဝေဖန်ပြောဆိုနေမှုနဲ့ ပတ်သတ်ပြီး ကျွန်မအနေနဲ့ အကြောင်းအရာတစ်ခုကို ဖြန့်ကျက်စဉ်းစားမိတယ်။ လက်ရှိ ရုပ်ရှင်ရုံတော်တော်များများမှာ ရုံတင်ပြသနေတဲ့ “ မီ ” ရုပ်ရှင်ဇာတ်ကားက ယခုချိန်ထိ ဝေဖန်မှုများနဲ့ ရင်ဆိုင်နေရတယ်။ အဓိကကတော့ ဇာတ်ကားရဲ့ အဓိကဇာတ်ဆောင် မီ က ကားရဲ့ဇာတ်ဝင်ခန်းတော်တော်များများမှာ ဆေးလိပ်သောက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြစ်တင်ပြောဆိုတာမျိုးတွေပါ ။ ဒီလိုပြစ်တင်ပြောဆိုမှုမှာ ကျွန်မအနေနဲ့ သတိထားမိတာကတော့ မီ ဟာ အမျိုးသမီးတစ်ယောက်ဖြစ်လို့ ယခုလောက် ဝေဖန်ပြောဆိုခံနေရသလားဆိုတာကို မေးခွန်းထုတ်မိပါတယ်။ " မီ " ဆိုတဲ့အမျိုးသမီးဟာ အမျိုးသမီးတစ်ယောက်၊ အထူးသဖြင့် မြန်မာအမျိုးသမီးဆိုပြီး လူအများသတ်မှတ်ထားတဲ့ ပုံစံတွေထဲက ကွဲထွက်နေတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်။ မိန်းမမှန်ရင်ဆိုပြီး သတ်မှတ်ထားတဲ့ ဆေးလိပ်မသောက် အရက်မသောက်ရ အိနြေ္ဒရ(..) အမျိုးသမီး စတာတွေကို ခွဲထွက်ထားတဲ့ မိန်းမတစ်ယောက် … Continue reading Angel Vs. Whore သတ်မှတ်ခံရမှု (သို့) အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ဖို့ အတင်းအဓမ္မတာဝန်ပေးအပ်ခြင်းခံရတဲ့ မြန်မာအမျိုးသမီးထုအတွက် တရားမျှတမှုက ဘယ်မှာလဲ။