စစ်ဘေးဒုက္ခသည်အရေး ဦးဆောင်သူတွေ ပြန်လည်လွတ်မြောက်လာဖို့ ဆန္ဒပြခဲ့သူ ၃ ဦးကို ဒဏ်ငွေဆောင်ရန် အမိန့်ချ

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခံထားရတဲ့ ကချင်လူငယ်သုံးဦးကို ယနေ့ ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းက မြစ်ကြီးနားမြို့နယ်တရားရုံးမှာ စစ်ဆေးခဲ့ပြီး ဒဏ်ငွေပေးဆောင်ရန် အပြီးသတ် အမိန့်ချမှတ်ခဲ့တယ်လို့ တရားစွဲဆိုရာမှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ ဆွတ်ဆိုင်းထွယ်က ပြောပါတယ်။ ငြိမ်းစုစီဖြင့် တရားစွဲဆိုခံရသူသုံးဦးဖြစ်သည့် မ ဆွတ်ဆိုင်းထွယ်ကို ဒဏ်ငွေ ၁ သိန်း၊ ရှေ့နေ ဆိုင်းခွမ် နှင့် ဆရာဘရန်မိုင်တို့ကို  ဒဏ်ငွေကျပ်သုံးသောင်းစီပေးဆောင်ရန် အမိန့်ချမှတ်ခဲ့တယ်လို့ သူမကဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းကပိတ်မိပြည်သူများလွတ်မြောက်ရေးကို ဦးဆောင်လှုပ်ရှားခဲ့သော ဦးဆောင်သူ (၃) ဦးဖြစ်သည့် ဆရာမနန်ပူ၊ ဦးလွမ်းဇောင်း နှင့် ဦးဇော်ဂျတ်တို့ကို တပ်မတော်က ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုမှုများပြုလုပ်ခဲ့ပြီး ထောင်ဒဏ် (၆) လနှင့် ဒဏ်ငွေ (၅) … Continue reading စစ်ဘေးဒုက္ခသည်အရေး ဦးဆောင်သူတွေ ပြန်လည်လွတ်မြောက်လာဖို့ ဆန္ဒပြခဲ့သူ ၃ ဦးကို ဒဏ်ငွေဆောင်ရန် အမိန့်ချ

အသွေးအသားထဲက ဟစ်ဟော့ (သို့မဟုတ် ) T-zin Thazin Nyunt Aung

T-zin လို့အများသိတဲ့ အမျိုးသမီး Hip Hopper (သို့) သဇင်ညွှန့်အောင်ကတော့ ၁၉၈၃ ခုနှစ်တွင် ရန်ကုန်မှာ မွေးဖွားခဲ့ပြီး အဖေ ဗမာ ၊ အမေ ရခိုင်အပြင် အကိုတစ်ယောက် မောင်တစ်ယောက်တို့နဲ့အတူ ရန်ကုန်မှာပဲ လက်ရှိနေထိုင်လျှက်ရှိပါတယ်။ ဟစ်ဟော့ဂီတလောက ကို ၂၀၀၀ ကျော်မှာ ကျောင်းတက်နေရင်းနဲ့ စတင်လုပ်ကိုင်ရန်ကြိုးစားခဲ့ပြီး ကိုယ်တိုင်သီချင်းရေးခြင်း၊ သူငယ်ချင်းအဖွဲ့များနဲ့ စတူဒီယိုမှာ ကိုယ်ရေးတဲ့သီချင်းတွေကို အသံသွားသွင်းမှုတွေပြုလုပ်ပြီး သီချင်းတွေစတင်လုပ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ထို့နောက် ၂၀၀၂ ခုနှစ်မှာတစ်ယောက်တည်း လုပ်နေရာမှ အခြားတစ်ယောက်နဲ့တွေ့ပြီး YAK (Yangon Always Kingdom ) အဖွဲ့အနေနှင့်ဆက်သွားဖြစ်ပါတယ်လို့ သူမကဆိုပါတယ်။ “ ၂၀၀၄ ကနေ ၂၀၁၆ လောက်ထိ အဖွဲ့အနေနဲ့ ရပ်တည်ခဲ့တယ်။ နောက်ပိုင်းမှာတော့ Solo တစ်ကိုယ်တော်ပြန်စတင်ခဲ့တယ်။ … Continue reading အသွေးအသားထဲက ဟစ်ဟော့ (သို့မဟုတ် ) T-zin Thazin Nyunt Aung

အရှည်လျားဆုံး စစ်ပွဲများအတွက် ရဲရဲတောက် လောင်စာများ

၂၀၁၄ နိုဝင်ဘာလလောက်တုန်းက ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာပြည်မြောက် ဖျားမှာ လုပ်အားပေးဆရာမလေးနှစ်ဦးဟာ ရက်ရက်စက်စက်မုဒိမ်းကျင့်သတ်ဖြတ် တာခံခဲ့ရပါတယ်။ Eriksson Bazz နဲ့ Sterm က သူတို့ရေးတဲ့ “Why do soldiers rape?” (2009) ထဲမှာ “မုဒိမ်းဟာ စစ်လက်နက်ပါပဲ ဆိုတာလောက်ကတော့ ရိုးစင်းလွန်းပါတယ်” တဲ့။ Feron (2004) က မြန်မာအပါအ၀င် တချို့နိုင်ငံတွေမှာ ပြည်တွင်းစစ် ဘာကြောင့်ရှည် ကြာရလဲဆိုတော့ နှစ်ဖက်စလုံးက သဘာဝသယံဇာတနဲ့ ၀င်ငွေရနိုင်တဲ့ သူတို့ကို ဆက်လက်ရပ်တည်စေဖို့အတွက် အထောက်အပံ့စီးပွားရေးရှိလို့ပါလို့ သုံးသပ်ပါတယ်။ ဟုတ်ပါတယ်။ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေမှာ ကျောထောက်ခံ သယံဇာတစီးပွားရေးဝင်လမ်းရှိကြပါတယ်။ ဒါပေမဲ့ အဲဒီသယံဇတတွေလိုပဲ မြန်မာပြည် တွင်းစစ်ပွဲတွေအတွက် နောက်ထပ်လောင်စာပုံကြီး တစ်ပုံရှိပါသေးတယ်။ Hegemonic Masculinity လို့ခေါ်တဲ့ လွှမ်းမိုးချုပ်ကိုင်လိုသော … Continue reading အရှည်လျားဆုံး စစ်ပွဲများအတွက် ရဲရဲတောက် လောင်စာများ

ရဲဘော် မိဆူးပွင့်

" မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည် ဆောက်နိုင်မှ ပြည်တွင်းစစ် ရပ်နိုင်မယ်။ ဒီမိုကရေစီတည်ဆောက်နိုင်မယ်။ ဖွံ့ဖြိုးတိုးတက်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ပဲ WLB အတွင်းမှာ စည်းလုံးညီညွတ်မှုရရှိအောင်နဲ့ အမျိုးသမီးတွေရဲ့အသံကို နိုင်ငံ ရေးမှာ ပိုပြီးဖော်ထုတ်နိုင်ဖို့ဆိုတဲ့ကဏ္ဍတွေကို ထဲထဲဝင်ဝင်ကြိုးစားခဲ့ပါတယ်။ ပြီးတော့ နိုင်ငံရေးအဖွဲ့ အစည်းတွေမှာ လူငယ်တွေကို နေရာပေးမှုတွေ အားနည်းတာ၊ ဒီခေါင်းဆောင်ကြီးတွေ အသက် အရွယ် ဘယ်လောက်ကြီးကြီး သူတို့နေရာမှာ လူစားထိုးဖို့ နောက်ထပ်ခေါင်းဆောင်သစ်တွေ၊ မျိုး ဆက်သစ်တွေ ရှိမနေတာကို သတိထားမိပြီး ကိုယ်လုပ်လို့ရတဲ့အဖွဲ့အစည်းတွေမှာ လူငယ်တွေကို နေရာပေးနိုင်တဲ့ မူဝါဒတွေ၊ အစီအစဉ်တွေ လုပ်လို့ရသလောက် လုပ်ဆောင်ခဲ့ပါတယ်။ အဓိက အာရုံစိုက်ထားတာကတော့ တိုင်းရင်းသားအရေး ပြီးတော့ အမျိုးသမီး/ လူငယ်အရေးတွေပေါ့။ တိုင်း ရင်းသားတွေအနေနဲ့ သမိုင်းကြောင်းအရ မကျေလည်ခဲ့တဲ့ အရင်းခံအကြောင်းရင်းတွေကို နားလည် လက်ခံပြီး … Continue reading ရဲဘော် မိဆူးပွင့်

Angel Vs. Whore သတ်မှတ်ခံရမှု (သို့) အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ဖို့ အတင်းအဓမ္မတာဝန်ပေးအပ်ခြင်းခံရတဲ့ မြန်မာအမျိုးသမီးထုအတွက် တရားမျှတမှုက ဘယ်မှာလဲ။

လတ်တလော လူမှုကွန်ရက်မှာနာမည်ကြီးနေတဲ့ရုပ်ရှင်ဇာတ်ကားတစ်ကားအပေါ် ဝေဖန်ပြောဆိုနေမှုနဲ့ ပတ်သတ်ပြီး ကျွန်မအနေနဲ့ အကြောင်းအရာတစ်ခုကို ဖြန့်ကျက်စဉ်းစားမိတယ်။ လက်ရှိ ရုပ်ရှင်ရုံတော်တော်များများမှာ ရုံတင်ပြသနေတဲ့ “ မီ ” ရုပ်ရှင်ဇာတ်ကားက ယခုချိန်ထိ ဝေဖန်မှုများနဲ့ ရင်ဆိုင်နေရတယ်။ အဓိကကတော့ ဇာတ်ကားရဲ့ အဓိကဇာတ်ဆောင် မီ က ကားရဲ့ဇာတ်ဝင်ခန်းတော်တော်များများမှာ ဆေးလိပ်သောက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြစ်တင်ပြောဆိုတာမျိုးတွေပါ ။ ဒီလိုပြစ်တင်ပြောဆိုမှုမှာ ကျွန်မအနေနဲ့ သတိထားမိတာကတော့ မီ ဟာ အမျိုးသမီးတစ်ယောက်ဖြစ်လို့ ယခုလောက် ဝေဖန်ပြောဆိုခံနေရသလားဆိုတာကို မေးခွန်းထုတ်မိပါတယ်။ " မီ " ဆိုတဲ့အမျိုးသမီးဟာ အမျိုးသမီးတစ်ယောက်၊ အထူးသဖြင့် မြန်မာအမျိုးသမီးဆိုပြီး လူအများသတ်မှတ်ထားတဲ့ ပုံစံတွေထဲက ကွဲထွက်နေတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်။ မိန်းမမှန်ရင်ဆိုပြီး သတ်မှတ်ထားတဲ့ ဆေးလိပ်မသောက် အရက်မသောက်ရ အိနြေ္ဒရ(..) အမျိုးသမီး စတာတွေကို ခွဲထွက်ထားတဲ့ မိန်းမတစ်ယောက် … Continue reading Angel Vs. Whore သတ်မှတ်ခံရမှု (သို့) အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ဖို့ အတင်းအဓမ္မတာဝန်ပေးအပ်ခြင်းခံရတဲ့ မြန်မာအမျိုးသမီးထုအတွက် တရားမျှတမှုက ဘယ်မှာလဲ။

လူထုလှုပ်ရှားမှုများနဲ့ သူ

ကချင်ငြိမ်းချမ်းရေးနှင့်ပက်သက်သောလှုပ်ရှားမှုတွေပြုလုပ်ခဲ့တဲ့ ပြုလုပ်နေဆဲဖြစ်တဲ့ ဆရာမ နမ်ပူနှင့်လှုပ်ရှားမှုအကြောင်း ဆွေးနွေးခြင်း ဆရာမနန်ပူကတော့ ကချင်ပြည်နယ်တနိုင်းမြို့ဇာတိဖြစ်ပြီး လက်ရှိ မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်မှာ နေထိုင်နေပါတယ်။ လက်ရှိမှာတော့ တွယ်ဂျန်ဒါဖောင်ဒေးရှင်း(Htoi Gender and Development Foundation)ရဲ့ ဒါရိုက်တာအဖြစ်လုပ်ကိုင်နေပြီး တခြားသော အမျိုးသမီးရေး၊ ဂျန်ဒါနှင့် ငြိမ်းချမ်းရေးနှင့်ပတ်သတ်သော အဖွဲ့အစည်းများနှင့် ယင်းတို့နှင့်ပတ်သတ်သောလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်လျှက်ရှိပါတယ်။ မေး။ ဆရာမအနေနဲ့ ဘယ်လိုလှုပ်ရှားမှုတွေကို ဆောင်ရွက်နေပါသလဲ။ ဖြေ။။ အခုကျွန်မတို့လုပ်တာကတော့ ကချင်ပြည်နယ်ငြိမ်းချမ်းရေးနဲ့ပတ်သတ်တာ. စစ်ပွဲတွေရပ်ဖို့အရေးတွေ။ ပိတ်မိပြည်သူလွတ်မြောက်ရေးနဲ့ပတ်သတ်တာတွေအတွက် အခုလောလောဆယ်တော့ လုပ်နေပါတယ်။ များသောအားဖြင့်ကတော့ အမျိုးသမီးအခွင့်အရေးနဲ့ဆိုင်တာ၊ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုနဲ့ဆိုင်တာ ပြီးတော့ ပဋိပက္ခဒေသတွင်းက အမျိုးသမီးတွေရဲ့ အရေးကိစ္စတွေကို ပြောတာတွေ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာပါဝင်ဖို့လည်းဖြစ်မယ်။ ပဋိပက္ခတွင်းမှာ အမျိုးသမီးအကြမ်းဖက်ခံရတာတွေကို တရားမျှတမှုရအောင်လုပ်ဆောင်တဲ့နေရာတွေမှာလည်းဖြစ်မယ်။ ပြီးတော့ ပဋိပက္ခကြောင့် စစ်ဘေးဒုက္ခသည်စခန်းကိုရောက်သွားတဲ့အမျိုးသမီးတွေရဲ့လိုအပ်ချက်တွေနဲ့ သူတို့ရဲ့အခွင့်အရေးဆုံးရှုံးမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေတွေကို တရားမျှတမှုရအောင် လုပ်ဆောင်ပေးတဲ့ကဏ္ဍတွေမှာလည်း … Continue reading လူထုလှုပ်ရှားမှုများနဲ့ သူ

လရိပ်ပိုးမျှင်ဖန်တီးသူ သော်တာအေးလဲ့ နှင့်တွေ့ဆုံခြင်း

ဒီတလ အတွက် ရွေးထားတဲ့ အကြောင်းအရာက စာပေ ဖြစ်တာကြောင့် စာရေးဆရာမ သော်တာအေးလဲ့ကို အင်တာဗျူး ဖြစ်ပါတယ်။ ဆရာမ သော်တာအေးလဲ က လရိပ်မိုးမျှင် ၀တ္တုအရှည်နဲ့ ပရိသတ်သိလာသူ ဖြစ်ပါတယ်။ဲ့ ၀တ္ထုတို တွေ ကြိုကြား ရေးပြီး အရေးကောင်းသူလဲ ဖြစ်ပါတယ်။လရိပ်ပိုးမျှင် ၀တ္တုရှည်ထဲမှာ လူသားဆန်တဲ့ အော်ရီဂျင်နယ်ဆန်တဲ့ ဇာတ်ကောင်ရှယ်လီရဲ့ဇာတ်ကောင်တည်ဆောက်ပုံ ကိုလဲ ကျမ တော်တော် နှစ်ခြိုက်မိတယ်။ ဆရာမ အေးလဲ့ က ဂျန်ဒါဘာသာရပ်နဲ့လဲ ကျောင်းပြီးသူဖြစ်လို့ အကယ်ဒမစ်လောက မှာလဲ လက်ရှိ သုသေသနတွေ လုပ်နေသူလဲဖြစ်တဲ့ အတွက် ဖမေးနစ်အမြင် ဂျန်ဒါ အမြင်လဲ အားကောင်းသလို စာပေ ဖက်မှာလဲသူ့ရဲ့ ရှုထောင့်တွေ ဟာ ကြားနေကျစကားမျိုးတွေမဟုတ်ပဲ တမျိုး ဆန်းသစ်နေတယ်။ စာပေကို လူမှုဓလေ့ထဲထည့်ပြီး … Continue reading လရိပ်ပိုးမျှင်ဖန်တီးသူ သော်တာအေးလဲ့ နှင့်တွေ့ဆုံခြင်း

အိုင်းဒီး (သို့) ကျွန်မဟာ ကဗျာပဲ မငိုပါနဲ့

ဇွန်လရဲ့ Contemporary Art (ခေတ်ပြိုင်အနုပညာ)ကဏ္ဍအတွက် ဖော်ပြပေးမယ့်သူကတော့ အိုင်းဒီးပဲ ဖြစ်ပါတယ် ။ ........................................................... အိုင်းဒီးရဲ့ နာမည်ရင်းကတော့ အန်နာဗျက်(ခ်)ထမွေးပါ။ အိုင်းဒီးနာမည်နဲ့ စာတွေရေးပြီး အလုပ်တွေလုပ်တယ်။ အိုင်းဒီးကို ၁၉၉၀ ခုနှစ်တွင် ချင်းပြည်နယ် ဟားခါးမြို့တွင်မွေးဖွားခဲ့ပြီး မူလတန်းတွင် ရန်ကုန်သို့ပြောင်းရွေ့လာခဲ့ပြီး ရန်ကုန်တွင် ကြီးပြင်းခဲ့သူဖြစ်တယ်။ လက်ရှိမှာတော့ အိုင်းဒီးရက်ကန်းအိမ် လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်း “ Aidii weaving house” ကို ၂၀၁၄ ခုနှစ်က စတင်ထူထောင်ကာ ရက်ကန်းလုပ်ငန်းဖြစ်တဲ့ ဂျက်ခုတ်ဖြင့် ချင်းရိုးရာအထည်များကို ထုတ်လုပ်ခြင်းလုပ်ငန်းတွေကို ဟားခါးမြို့မှာ လုပ်ကိုင်နေတယ်လို့လည်း သိရပါတယ်။ ငယ်စဉ်ကထဲက စာဖတ်ခြင်းကို ဝါသနာပါပြီး ဝတ္ထုတို၊ ရသစာပေများကို အဖတ်များပြီး ပထမနှစ်ကျောင်းစတက်ချိန်တွင် ဘုရားကျောင်းက ကဗျာဆရာမိတ်ဆွေတချို့နှင့်စတင်သိကျွမ်းခဲ့ရာမှ ကဗျာများနှင့်ရင်းနှီးလာခဲ့တယ်လို့ သူမရဲ့အပြောအရ သိရပါတယ်။ … Continue reading အိုင်းဒီး (သို့) ကျွန်မဟာ ကဗျာပဲ မငိုပါနဲ့

ရန်ကုန်တက္ကသိုလ်ထဲက လွတ်လပ်မှုပျောက်ဆုံးနေပြီလား

စာသင်ခန်းတွေဟာ တကယ်ပဲ ကျမတို့လူဘောင်ကို ပိုနေလို့ထိုင်လို့ကောင်းတဲ့ လူလူချင်းဖိနှိပ်မှုတွေက နေလွတ်လပ်ပြီး သာယာတဲ့နေရာကို ဖန်တီးပေးဖို့ ဖြစ်နိုင်တဲ့နေရာတွေဆိုတာမျိုး ဖမေးနစ်စာရေးဆရာမ ဘဲဟွပ်ကပြောခဲသည်။ သူကိုယ်တိုင်က ပညာရေးကို လူသားတွေ အတွက်လွတ်လပ်မှုပေးနိုင်တဲ့အရာမျိုးလိုလက်တွေ့ကျင့်သုံးနေပါသည်။။ တချို့နေရာတွေမှာတော့ ပညာရေးဟာ လူတွေကို အကျဉ်းထောင်တွေလို ပုံစံပေးတဲ့နေရာ။ ဖိနှိပ်တာ ဟာ ကျောင်းသူ ကျောင်းသားတွေရဲ့ အကျိုးအတွက်လို့ တကယ်ပဲယုံယုံကြည်ကြည့်လုပ်နေတဲ့နေရာတွေဖြစ်နေပြန်၏။ စာသင်ခန်းတွေ သာမက စာသင်ခန်းတွေရှိတဲံ ပညာဆည်းပူးရာ ရပ်ဝန်းဟာ ကိုယ့်တာဝန်ကိုယ်ယူနိုင်တဲ့ အရွယ်ရောက်တဲ့ လူသားတွေ ဘ၀တာဝန်တွေ မထမ်းဆောင်ခင်မှာ အစွမ်းကုန် လေ့လာစူးစမ်းသင်ယူပြီး စိတ်ကို ဖွင့်နိုင်သမျှဖွင့်ထားခြင်းကို တတ်နိုင်သမျှဘာကမှ အတားအဆီးမရှိစေအပ်တဲ့နေရာပါ။ ယနေ့ခေတ်မှာ ပြန်လည်ဖွင့်လှစ်ခဲ့တဲံ ရန်ကုန်တ္ကသိုလ်ဟာ ကျွန်မတို့ရှေ့က မျိုးဆက်နှစ်ဆက်လောက် စိတ်ကူးယဉ်အိမ်မက်လောက်ပဲမက်ခွင့်ရှိလိုက်တဲံနေရာပါ။အခွင့်အလမ်းတွေ နဲ့ နိုင်ငံတကာ ဆရာမ ဆရာတွေ ကျောင်းသားကျောင်းသူတွေနဲ့ လဲ မြန်မာနိုင်ငံရန်ကုန် … Continue reading ရန်ကုန်တက္ကသိုလ်ထဲက လွတ်လပ်မှုပျောက်ဆုံးနေပြီလား

ကဗျာ (သို့) မယ်ယွေး

“ ကဗျာက ကိုယ့်အတွက်တော့ ယုံကြည်မှုလို့ထင်တယ်။ အဲ့ဒီဟာကို မရေးရတာကြာလာရင် မဖန်တီးနိုင်တာကြာလာရင်၊ ဒါမှမဟုတ် ကိုယ့်ကို အားရစေမယ့် ကဗျာတစ်ပုဒ်ကို မဖတ်ဖြစ်တာကြာလာလို့ရှိရင် စိတ်ဓာတ်ကျလာတာမျိုး ၊ ယုံကြည်မှုပျောက်ဆုံးလာတာမျိုးဖြစ်တယ်။ ဒါပေမယ့် ကဗျာတစ်ပုဒ်ရေးပြီးတဲ့အခါမျိုးမှာဖြစ်ဖြစ် ၊ သူများရေးထားတဲ့ကဗျာတစ်ပုဒ်ကို ကိုယ်ကအားရဝမ်းသာစွာ ဖတ်ပြီးသွားတဲ့အခါမျိုးမှာ ဖြစ်ဖြစ် ယုံကြည်မှုရှိလာပြီး ကျေနပ်အားရတယ်လို့ ထင်တာပဲ ” မယ်ယွေး -------------------------------------------------------------------- ဒီတစ်လ ကျွန်မတို့ရိမ်းဖောရဲ့ ခေတ်ပြိုင်အနုပညာကဏ္ဍ( contemporary art) အတွက် ခေတ်ပြိုင်ကဗျာလောကမှာ ထိပ်တန်းကဗျာဆရာမတစ်ဦးအဖြစ် ကျော်ကြားနေတဲ့ မယ်ယွေး(သို့) ရည်ရွယ်ယွေးရဲ့ အကြောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ သူမဟာ ကဗျာဆရာဇေယျာလင်း သြဇာလွှမ်းတဲ့ ခေတ်ပြိုင်ဘာသာစကားပြု ကဗျာအမျိုးအစားတွေကို ဆက်ခံရေးသားနေတဲ့ ယနေ့အထင်ကရ အမျိုးသမီးကဗျာရေးသူများအနက်မှ တစ်ဦးလည်းဖြစ်ပါတယ်။ ကဗျာဆရာမ မယ်ယွေးကို ၁၉၉၁ ခုနှစ်မှာ မြန်မာနိုင်ငံ … Continue reading ကဗျာ (သို့) မယ်ယွေး