အမျိုးသမီးလွတ်မြောက်ရေးအိုင်ကွန် ဖရီဒါခါလို

လက်တင်အမေရိကန်အနုပညာရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဖရီဒါခါလိုဆိုတဲ့အမျိုးသမီးကို မက်ဆီကန်မြို့တော် မက်ဆီကိုမှာ ၁၉၀၇ ခုနှစ်မှာ မွေးဖွားခဲ့တာပါ။ ငယ်စဉ်ကထဲက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေအများကြီးရှိခဲ့ပေမယ့် ကမ္ဘာကြီးကို သူမရဲ့ပန်းချီတွေနဲ့ စိန်ခေါ်ခဲ့သူ၊ စိတ်ဓာတ်ကြံ့ခိုင်သန်မာပြီး နှလုံးသားနူးညံ့တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ အဖေက ဂျာမန်ဓာတ်ပုံဆရာတစ်ဦးဖြစ်ပြီး အမေက အာမေးရီးယန်းနှင့် စပိန်သွေးပါသူဖြစ်တယ်။ မွေးချင်းလေးယောက်အနက် တတိယမြောက်သမီး။ အသက် ၆နှစ်အရွယ်တွင် ပိုလီယိုရောဂါရခဲ့ပြီး ခြေတစ်ဖက်နိမ့်သွားခဲ့သော်လည်း ဖခင်၏ အားပေးမှုကြောင့် ဘောလုံးကစားခြင်း၊ရေကူးခြင်းနှင့် နပန်းသတ်ခြင်းများကို လေ့ကျင့်ကစားစေခဲ့တယ်။ အဲဒီခေတ်ကာလဟာ မိန်းကလေးတစ်ယောက် နပန်းသတ်ခြင်းကို လက်သင့်မခံသောခေတ်ပါ။ ဖရီဒါဟာ ၁၉၂၂ ခုနှစ်တွင် နာမည်ကြီးမက်ဆီကိုအမျိုးသားကျောင်းမှာ တက်ရောက်ခွင့်ရတဲ့ အမျိုးသမီး၂၅ ယောက်တွင် တစ်ယောက်အပါအဝင်ဖြစ်ခဲ့တယ်။ အဲဒီနောက် မတော်တဆမှုတစ်ခုကြောင့် ဒဏ်ရာအကြီးအကျယ်ရခဲ့ပြီး အိပ်ရာထဲလဲခဲ့ရာမှ စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုများလည်း ကြုံတွေ့ခဲ့ရသည်။ ဒါပေမဲ့ အဖေဖြစ်သူရဲ့ ပံပိုးကူညီမှုများကြောင့် ပန်းချီစတင်ရေးဆွဲရန် အကြောင်းဖန်လာခဲ့တယ်။ မတော်ဆတ ဒဏ်ရာကြောင့် တကိုယ်လုံးစည်းထားသော ကျောက်ပတ်တီးပေါ်တွင် စတင်ပုံဖော်ရာမှ သူ့ရဲ့ ပထမဆုံးသော self-portrait ကို စတင်ရေးဆွဲခဲ့သည်။ သူ့ဘဝတစ်လျှောက်လုံးတွင်လည်း self-portrait ကိုလည်း အများဆုံးရေးဆွဲခဲ့ပါတယ်။ ဖရီဒါရေးဆွဲတဲ့ ပန်းချီကားများဟာ သူ့ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ နာကျင်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကို တွေ့ရနိုင်ပါတယ်။ ဖရီဒါရဲ့ပန်းချီများမှာ သူ့ဘဝရဲ့အမှန်တရားများ၊ အတွေ့အကြုံများကို surreal အငွေ့အသက်များနဲ့ဖော်ပြခဲ့တယ်။ ၁၉၃၉ ခုနှစ်တွင်အန်ဒရေဘရစ်တန်၏ ဖိတ်ခေါ်မှုကြောင့် ပါရီမှာ သူ့ရဲ့လက်ရာတွေကို ပြသခဲ့ပြီ ပီကာဆို၊ ချာဂဲလ်တို့နှင့်တွေ့ဆုံခဲ့တယ်။ဖရီဒါသည် ဖရီဒါနှစ်ယောက် (The Two Fridas) , The Broken column စသည့်သူမ၏ နာမည်ကြီးလက်ရာများ၊ self portrait များနှင့် portrait များကို ရေးဆွဲခဲ့သည်။ ဖရီဒါသည် အသက် ၄၇ တွင် ဆုံးပါးခဲ့တယ်။ သူ့အသက်ရှင်စဉ်က သူ့ခင်ပ္ပွန်းဒီရေးဂိုရဲ့နာမယ်အောက်မှာသူ့နာမယ်ကမှေးမိန်ခဲ့ပေမယ့် ယနေ့ခေတ်မှာဖီဒါခါလိုဟာအမျိုးသမီးလွတ်မြောက်ရေးအိုင်ကွန်တခုဖြစ်လာပါတယ်။
ဖရီဒါ၏ အနုပညာလက်ရာများနှင့် ဘဝဖြတ်သန်းမှုများသည် ၁၉၇၀ ခုနှစ်ဝန်းကျင်က လှုပ်ရှားနေသောအမျိုးသမီးလှုပ်ရှားမှုများအတွက် ပုံစံသစ်ဖြစ်ခဲ့တဲ့အတွက် သူမကို အမျိုးသမီးဖန်တီးမှုအနုပညာရှင်များထဲမှ တစ်ယောက်အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s